မိသားစုကိုယ်ပိုင်အထက်တန်းကျောင်း(မလှိုင်) News Update
မိသားစုကိုယ်ပိုင်အထက်တန်းကျောင်း (မလှိုင်) ၏ ၂ဝ၂၄-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ကျောင်းသား ကျောင်းသူများ စုပေါင်း စီစဉ်သော အာစရိယပူဇော်ပွဲ ကို ၅.၉.၂ဝ၂၅ ရက်နေ့ နံနက် ၉ နာရီ တွင် မလှိုင် မိသားစုကိုယ်ပိုင်ကျောင်း (အနော်ရထာခန်းမ) ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကျောင်းသားကျောင်းသူများက ဆရာ၊ဆရာမ များ အား ကန်တော့ချိုးဖြင့် ညီညာဖြဖြ ဦးချ ကန်တော့ခဲ့ကြသည်။ ယင်းနောက် ကျောင်းတည်ထောင်အုပ်ချုပ်သူ ဒေါက်တာ ဇင်မင်းကို ၊ ဒေါက်တာ ပြည့်ဖြိုးကို တို့က ဆုံးမဩဝါဒစကား ပြောကြားသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာစိန် က ဆုံးမဩဝါဒများ မိန့်ကြားကာ ဆုတောင်းမေတ္တာပို့သခဲ့သည်။ ဆရာတစ်ဦးချင်းစီကလည်း ဆုပေးခြင်း ၊ အသိပညာဆိုင်ရာ ဩဝါဒများ ပြောကြားခြင်းနှင့်အတူ ရင်းနှီးခင်မင်စွာ စကားများပြောကြသည်။ ထို့နောက် ဆရာဆရာမများ နှင့်တကွ ကျောင်းရှိ ဝန်ထမ်းအားလုံးကို ကန်တော့ငွေ နှင့် စားစရာများ ပေးအပ်ခဲ့ကြပြီး ကျောင်းသားများကိုယ်စား ကျောင်းသား တစ်ဦးက အခမ်းအနားဖြစ်မြောက်ရေး အချိန်ပေးဆောင်ရွက်ခဲ့ကြသည့် ဆရာဆရာမများ၊ ဝန်ထမ်းများကို ကျေးဇူးတင်စကားပြောကြားသည်။ အခမ်းအနားပြီးဆုံးသောအခါ ဆရာဆရာမများ က ကျောင်းသားကျောင်းသူများနှင့်အတူ ကြက်ဆီထမင်း ၊ ရေခဲမုန့် နှင့် ကိတ်မုန့်များ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။