နာမည်ကျော် သရဲများအကြောင်း(Annabelle)
Annabelle အရုပ်ဟာ သရဲခြောက်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေထဲမှာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးဖြစ်ပြီး ဝင်ငွေအများဆုံး ရုပ်ရှင် 𝙁𝙧𝙖𝙣𝙘𝙝𝙞𝙨𝙚 တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်များဆီက Donna ဆိုတဲ့ သူနာပြုကျောင်းသူလေးကို သူ့အမေက မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ အရုပ်က Raggedy Ann လို့ခေါ်တဲ့ အဝတ်စနဲ့ချုပ်ထားတဲ့ ရိုးရိုးအရုပ် သာဖြစ်ပါတယ်။ အဲ့ဒီအရုပ်ကို အိမ်ထဲမှာ ထားပြီးနောက်ပိုင်းထူးခြားတဲ့ ဖြစ်စဉ်တွေ ဖြစ်လာတယ်။ အရုပ်က နေရာပြောင်းနေတယ်၊ စာရွက်လေးတွေမှာ “Help Me” လို့ ရေးထားတာတွေ့တယ်၊ တစ်ခါတလေမှာ သွေးအနည်းငယ်တောင် ပေါ်လာတတ်တယ်။ ဆရာတစ်ယောက် က “Annabelle Higgins” ဆိုတဲ့ သေဆုံးသွားတဲ့ မိန်းကလေးဝိညာဉ် လို့ ပြောပေမဲ့ နာမည်ကြီး ဝိညာဉ် ပညာရှင် Ed နဲ့ Lorraine Warren တို့က “ဒီအရုပ်ထဲမှာ မကောင်းဆိုးဝါး ဝင်နေတယ်” လို့ ဆိုခဲ့တယ်။ ဒါနဲ့ပဲ သူတို့က အဲ့ဒီအရုပ်ကို ယူပြီး Warren’s Occult Museum ထဲမှာ ပိတ်သိမ်းထားပါတယ်။ အခုတောင် Annabelle ဟာ အဲ့ဒီပြတိုက်ထဲမှာ “Do Not Touch” ဆိုတဲ့စာတန်းနဲ့ အတူ ရှိနေဆဲဖြစ်ပြီး ကမ္ဘာအဖိုးတန် horror သမိုင်းတစ်ခုအဖြစ် ကျန်ရှိခဲ့ပါတယ်။